Friday, July 15, 2016

Jarhead 3: The Siege (2016) မြန်မာစာတန်းထိုး


Jarhead 3: The Siege (2016) မြန်မာစာတန်းထိုး

ဒီဇာတ်ကားအရင်က Jarhead (2005) ရယ်
Jarhead 2: Field of Fire (2014) ရယ်ဆိုပြီး
၂ ကားထွက်ထားဖူးပေမယ့် ဇာတ်လမ်းတွေက မတူဘူးလို့ဆိုနိုင်ပါတယ်
ဒီ Jarhead 3: The Siege (2016) မှာတော့...
အရှေ့အလယ်ပိုင်းဒေသ က U.S သံရုံးမှာ တပ်ကြပ် Evan Albright
တာဝန်ကျချိန်ကနေ စတင်ပြီး Evan Albright ဟာတတ်ကြွတဲ့
စစ်သားကောင်းတယောက်ဖြစ်သလိုသံသယလွန်ကဲနေသူ
တယောက်အဖြစ် အရာရှိအပါအ၀င်ရဲဘော်တွေကပါ
သတ်မှတ်ထားကြပါတယ်..။
တနေ့ သူတာဝန်ကျရာ နေရာကနေသံရုံးကိုလူတချို့စောင့်ကြည့်နေတယ်လို့
သူထင်တဲ့အကြောင်း သူ့ရဲဘော်တွေကို ပြောပြပေမယ့်
ဘယ်သူကမှ အယုံအကြည်မရှိကြပါဘူး..။
ဒါကြောင့်သူတယောက်တည်း အဲဒီလူအကြောင်းစုံစမ်းကြည့်တဲ့အခါ
ဒီလူဟာ အကြမ်းဖက်အုပ်စုအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Khaled  အဖြစ်
သူသိရတာမို့ ဒီလူနဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေ ရှာဖွေပြီး
သံအမတ်ကို သတင်းပို့တဲ့အခါ သူ့အရာရှိအပါအ၀င်
အားလုံးက သူ့အပေါ်အတော်စိတ်ပျက်သွားကြပါတယ်..။
အကြောင်းကတော့ Khaled  ဟာလေယာဉ်ပျက်ကျမှုတခုထဲမှာပါဝင်ပြီး
သေဆုံးသွားခဲ့ပြီးလို့ အားလုံးက ယုံကြည်ထားကြလို့ပါပဲ..။
 ဒီအချိန်မှာ Khaled အကိုဖြစ်တဲ့ Jamal ဟာအကြမ်းဖက်အဖွဲ့နေထွက်ပြီး
အမေရိကန်သံရုံးကို လာရောက်ခိုလှုံတဲ့နေမှာပဲ
အကြမ်းဖက်အဖွဲ့ဝင်တွေဟာ အမေရိကန်သံရုံးကို အလုံးအရင်းနဲ့
စီးနင်းတိုက်ခိုက်လာပါတော့တယ်...။
အလစ်အငိုက်ဖြစ်သလို အင်အားမမျှတဲ့အတွက် သံအမတ်နဲ့ဝန်ထမ်းတချို့ရယ်
အရေးကြီးစာရွက်စာတန်းတွေကို အကြမ်းဖက်သမားတွေလက်ထဲ
မကျရောက်ရအောင် သံရုံးစစ်ဘက်အရာရှိအပါအ၀င်
စစ်သားတော်တော်များများ အသေခံကာကွယ်ပေးခဲ့ကြရတယ်။
အားလုံးသံရုံးအပြင်ဘက်ထွက်နိုင်ခဲ့ကြပေမယ့်..
နောက်ဆုံးအင်အားမမျှလှတဲ့ အကြမ်းဖက်သမားတွေနဲ့
Evan Albright နဲ့ စစ်သား သုံး၊လေး ယောက်ရယ်
သံအမတ်နဲ့ ၀န်ထမ်းတွေ ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကိုယ်တိုင် ကြည့်ရှုဖို့တိုက်တွန်းရင်း စစ်ကားကြိုက်သူတွေ
လက်မလွှတ်သင့်တဲ့ ဇာတ်ကားမို့ သူငယ်ချင်းတွေကိုလည်း
ဒီပို့စ်လေးကို ရှယ်လုပ်ခြင်းဖြစ် လက်တို့လိုက်ပါဦး...
ပုံမှန်အတိုင်း pCloud ကနေဖိုင်ဆိုဒ်အကြီးအသေး ၂ မျိုးနဲ့
တင်ပေးထားသလို
ဆိုဒ်ထဲမှာတင် တိုက်ရိုက်ကြည့်ရှုနိုင်အောင်ပါတင်ပေးထားပါတယ်
တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်

vidzi ကနေ တိုက်ရိုက်ကြည့်ချင်ရင်တော့ ဒီလင့်ကနေ
သွားကြည့်နိုင်သလို အောက်မှာလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်




အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://channyeinmw.blogspot.com/